Wednesday, September 4, 2013

ပြောပါစေ



       
လူဆိုတာ အကျိုးမြတ်ကို မျှော်ကိုးလှုပ်ရှားနေကြတယ်ဆိုတာ မှန်ကြရဲ့လား..
ဒါပေမယ့် တခါတလေ ဆယ်ကွေ့ နှစ်ကွေ့ သုံးကွေ့လောက်ကတော့
စေတနာ သက်သက်နဲ့လုပ်သင့်တဲ့ သဘောရှိတတ်ရင်ကောင်းပါတယ်..
ဒုက္ခရောက်နေတယ် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး နေလိုက်ရင်
တချိန် ကိုယ်ဒုက္ခရောက်လာတဲ့အခါ ကိုယ့်ကိုလည်းသူတို့ ကူညီကြပါ့မလား..
တချို့ သူတို့ကိုသူတို့ လူလည်ကြီးလို့ ထင်နေကြတယ်
သူများတွေကိုတော့ လူအ လူနတွေပေါ့…
အဲဒီလို ထင်နေကြလို့ ဘယ်ဟုတ်ပါ့မလဲံ…
အားလုံးဟာ ဥုံးနှောက်ကိုစီ ပတ်ဝန်းကျင် ကိုယ်စီရှိနေကြတာပဲ မဟုတ်လား..
မသာမာမှု စေတနာမရှိမှု ဆိုတာ ကြာကြာဖုံးကွယ်လို့မရပါဘူး
လည်းစားမှုဆိုတာလဲ တစ်ကြိမ်တခါမှာပဲ ရမှာပေါ့..
လူများကိုလျှော့မတွက်ပါနဲ့ မပြောချင်လို့ မပြောကြတာပါ သိနေကြတာများပါတယ်..
ဆင်းရဲတယ် ချမ်းသာတယ် အောင်မြင်တယ် ရှုံးနိမ့်တယ် ဆိုတာ
လောကကြီးမှာ ဖြစ်နေကြ အလှည့်အပြောင်းတွေပါ
ဆင်းရဲလို့လည်း အထင်မသေးနဲ့ ချမ်းသာလို့လည်း အထင်မကြီးနဲ့
လူတွေရဲ့စိတ်ရင်းကိုသာ စုးစမ်းလေ့လာပါ..။
အောင်မြင်တယ် ဆိုလည်း အထင်မကြီးနဲ့ သူများတကာတွေကို
မျက်ရည်ပေါက်ကြီးငယ် ကျပြီးမှ ရွှေဝတ်နေတဲ့လူတွေဟာ
အားကျစရာ လုံးဝမရှိပါဘူး…။
သမာအာစီဝနဲ့ ချမ်းသာလာတဲ့ လူအများရဲ့ တုန့်ပြန်တဲ့ မေတ္တာ စေတနာတွေနဲ့
ချမ်းသာလာတဲ့ လူများကိုသာ အတုယူကြပါ..။
အများအကျိုးဆောင်ရွတ်နေရင် အလကားပါကွာ အချိန်ကုန်ပါတယ်ဆိုတဲ့
လူမဆန်တဲ့စိတ်ဓာတ်မျိုးကို မိတ်ဆွေတို့ လုံးဝမထားကြပါနဲ့
သူများတွေအပေါ် စေတနာ မေတ္တာထားတယ်ဆိုရင် တစ်နေ့ကျရင်
ရောင်ပြန်ဟပ်ပြီး ကောင်းကျိုးပေးတယ်ဆိုတာကို အားလုံးယုံကြည်ပါလို့ ပြောပါရစေ…။
                           စေတနာများစွာဖြင့်  Moe Z Mg (Ruby Garden)

No comments: