Monday, September 2, 2013

“ သံယောဇဉ်ကြိုး ”


သေချာကြည့်ရှု့ သတိပြုလဲ
မြင်နိုင်ခဲသော ကြိုးတစ်ချောင်း
ချစ်သူဇနီး သမီးမြေသား
ဘိုးဘွားမိဘ မောင်နှမသားချင်း
မိတ်ဆွေရင်းတို့ တင်းတင်းကြပ်ကြပ်
ရစ်ပတ်ချည်ငင် အမျှင်တွေရှုပ်
ဖြုတ်ရမလွယ် ချစ်ကြိုးသွယ်၍
ငြိတွယ်ခိုင်မြဲ လှချေ၏…။
ဒီကြိုးတစ်ပင် ချည်နှောင်ငင်၍
တွေ့ကြဆုံကြ ခွဲခွါကြတော့
လွမ်းရဆွေးရ ရင်နာရနှင့်
သောကပူမီး ဖြေမဆည်းနိုင်
ပင့်လှိုင်းသက်ပြင်း ရင်ခွင်တွင်းဝယ်
နေမင်းဆယ်စင်း ထွက်သည်သို့
ဒီကြိုးတစ်ပင် ပြတ်စေချင်လျှင်
“ပတ္တမြားရိပ်သာ” လှမ်း၍လာခဲ့
မဂ္ဂင်ရှစ်ပါး သိဥာဏ်ဓားနှင့်
တစ်အားပိုင်းဖြတ် ခုတ်ပယ်သတ်မှ
ပြုတ်ကျကြိုးမျှင် စိတ်ကြည်လင်၍
ပူပင်သောက ငြိမ်းအေးမည်း။

ဆက်လက်ကြိုးစားပါဦးမည်။
အရှင်စန္ဒာသိရီ(မဏိဇောတစာချကျောင်း)
ပတ္တမြားရိပ်သာကျောင်းတိုက်
နန်းတော်ရာရပ်၊အမရပူရမြို့နယ်၊မန္တလေးတိုင်း၊

No comments: