Tuesday, September 10, 2013

ရှင်မဟာရဌသာရဆုံးမစာများ


သေနှင့်အရက်၊ စီးပွားပျက်ကို၊
တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊
ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့်၊
အဆိပ်ရေ။
အပါယ်လေးပါး၊ လားမည့်အကြောင်း၊
မကောင်းမှုမှ၊ စပ်သမျှကို၊
ရှောင်ကြပါလေ၊ သေကာထုတ်ချောက်၊
ငရဲရောက်မည်၊ ကြောက်ရွံ့စေ။
(ရှင်မဟာရဋ္ဌသာရဆုံးမစာ)
မှတ်ဖွယ်မှတ်ရာ၊ ထိုထိုစာကို
ရှာ၍မပျက်၊အိမ်တွင်ဖတ်
ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက
ထူးခြားလိမ္မာ ရှိသည်သာတည်း။
( ရှင်မဟာရဋ္ဌသာရဆုံးမစာ)

No comments: