Friday, September 13, 2013

ပျင်းရိခြင်းရဲ့ အကျိုးဆက်များ

အလဟဿ ကုတော သိပ္ပံ၊
အသိပ္ပဿ ကုတော ဓနံ။
အဓနဿ ကုတော မိတ္တံ၊
အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊
အပုညဿ ကုတော ၀ရံ။

ပျင်းရိသောသူသည် အဘယ်မှာ အတတ်ပညာ ရမည်နည်း။
အတတ်ပညာ မရှိသူသည် အဘယ်မှာ ဥစ္စာ ရမည်နည်း။
ဥစ္စာမရှိသောသူသည် အဘယ်မှာ မိတ်ဆွေ ရမည်နည်။
မိတ်ဆွေမရှိသောသူသည် အဘယ်မှာ ချမ်းသာ ရမည်နည်း။
မချမ်းသာသောသူသည် အဘယ်မှာ ကုသိုလ်ကောင်းမှု ပြုနိုင်မည်နည်း။
ကုသိုလ်ကောင်းမှု မပြုခဲ့သောသူသည် အဘယ်မှာ နိဗ္ဗာန် ရမည်နည်း။(လောကနီတိ)

No comments: