Monday, September 2, 2013

“မမြဲသောအလှ”


သောက်ရှုးကြယ်ရှုံး ခင်မျက်လုံးတည့်
ပိတုန်းရောင်သွင် ဆံကေမျှင်နှင့်
ဖြူစင်သွားတွေ ညီညာနေ၏
စိုပြေပျိုမြစ် နုရွယ်သစ်ဘိ
ချစ်ချင်စရာ ခင့်ရုပ်ဝါသည်
ထာဝရအမြဲ လှမည်လား
မွေးဖွားခြင်းနှင့် သေခြင်းတရား
ချိန်သီးကြားမှာ
လှုပ်ရှားနေရ ရုပ်ဘဝမို့
ရွတ်တွသားရေ ဖြူဆံကေနှင့်
သွားကြွေနားထိုင်း ခါးလည်းကိုင်းကာ
မှုံမှိုင်းမျက်စိ ဇရာဖိစီး
ရုပ်၏အလှ တခဏသာ
ဘဝဆုံးတိုင် မတည်ပါ။

ဆက်လက်ကြိုးစားပါဦးမည်။
အရှင်စန္ဒာသိရီ(မဏိဇောတစာချကျောင်း)
ပတ္တမြားရိပ်သာကျောင်းတိုက်
နန်းတော်ရာရပ်၊အမရပူရမြို့နယ်၊မန္တလေးတိုင်း၊

No comments: