Sunday, September 8, 2013

ဗုဒ္ဓမိန့်စကား

လောဘ ဒေါသ မောဟ  ဆိုတဲ့ စကားလုံးလေး သုံးခွန်း အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့ ဘာမှမဟုတ်သလိုပါပဲ
ဒါပေမဲ့ ဒီတရားသုံးခုကို ရင်ဝယ်ပိုက်မိထားရင်တော့ မပယ်သတ်နိုင်ရင်တော့ တစ်ဘ၀ထဲဆုံးရှုံးတော့မှာမဟုတ်ပါဘူး
              သံသရာ ပါနှစ်မွန်းတော့မယ် သတိထားကြည့်မှ အသိတရားရှိမယ် .....
ငါ့လောဘရယ် .ငါ့ဒေါသရယ် .ငါ့မာနရယ် ...ငါကိုပြန်လို့နိပ်စက်တယ် ဘယ်သူကမှကိုယ့်ကို နိပ်စက်တာမဟုတ်ပါဘူး
မာန် မာနဆိုတဲ့ စိတ်ကြီးဝင်မိကြလို့ပါ။ ဘယ်လောက် ရာထူးကြီးကြီး ဘယ်လောက်ချမ်းသာပါစေ ဘယ်လောက်ပညာတတ်တတ် နောက်ဆုံးတော့ သူကို အရှုံးပေး လိုက်ရတာပါပဲ ဘာ့အတွက်ကြောင့်များမာန်မာနတွေကြီးနေကြပါသလဲ မသေတော့ဘူးများထင်နေကြသလား။
မကောင်းမှုရှောင်၊ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား
ပြောပြုတွေးလျှင်၊သတိယှဉ်၊ဆင်ခြင်ဥာဏ်ရှေ့သွား
စိတ်ထားဖြောင့်မှန်ခွင့်လွတ်ရန်၊သည်းခံမေတ္တာထား
လုံးလနဲ့ဇွဲမလျှော့ပဲ၊အမြဲတင်းတင်းထား၊အရာရာတွင်အသုံးဝင်အောင်မြင်နိုင်ကြောင်းတရား။
                             အခွင့်သာခိုက်မှမလိုက်ချင်ရင်အမိုက်နင့်အပြင်ရှိသေးလား
                   ငါးအာရုံအင်အစု၊ ခင်မှုနှင့်နေ့ကုန်၊ နင်ယခုမေ့ပုံလို့၊ တွေ့မကြုံစခန်း၊           ပါယ်လေးဝသောကဘုံမှာမျောရရန်ရှိတော့ကမန်း၊ အောက်အ၀ီစိသောင်အငူမှာ၊ ခေါင်းမပြူစတမ်း၊ နှစ်အရှည်နစ်မည့်လမ်းကိုလ၊ နင်မျော်စမ်းနင့်ကိုယ်၊ ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်းပိုသာပို၊ သည်လောဘစရိုက်အိုကို၊ မလိုက်လို ရှောင်ပြစ်လို့၊ နောင်အသစ်တစ်ကယ်ပြင်လျှင်ကောင်းဖို့သာအစဉ်
ခွင့်သာခိုက်မှ မလိုက်ချင်ရင်အမိုက်နင့်ပြင် ရှိလိမ့်မလား၊ ခွင့်သာစဲကမှ မခဲလျှင် အလွဲနင့်ပြင်ရှိသေးလား
ခွင့်သာတုန်းကမှ၊ မရုန်းချင်လျှင်၊ အရှုံးနင့်အပြင် ရှိသေးလား။    ကျေးဇူးရှင်လယ်တီဆရာတော်  
အမှန်တရား ကိုမြတ်နိုးသူများအတွက်
အမှန်တရားကို သိချင်ရင် အမှန်တစ်ကယ်မြတ်နိုးလျှင် မိမိကိုယ် မိမိ သေချာစွာစစ်ဆေးပါ ကြိမ်ဖန်များစွာမေးပါ
ပေါ့ပေါ့တန်တန် မတွေးမိပါစေနှင့် မဖြေမိပါစေနှင့်၊ မပြုလုပ်မိပါစေနှင့်၊  အမှန်မြတ်နှိးလျှင်၊အမှားအလုပ်မြူမှုံမျှ မလုပ်မိအောင်ကြိုးစားနေပါ
တရားကိုမြတ်နိုး တန်ဖိုးထားလျှင် ၊ မတရားသောအမှုကို
မြူမှုံ မျှမကြူးလွန်မိအောင် ကြိုးစားနေရပါမည်။

No comments: