Wednesday, September 4, 2013

သြ၀ါဒ

မကွေးမြို့ 
အောင်မြေရတနာဆရာတော်၏
သြ၀ါဒ
-------------

လောကကြီးမှာ နေရတာ မိုက်တာလွယ်လျှက် လိမ်မာခက် ၊
ပစ္စည်းဥစ္စာ ငွေကြေးမှာ ဖြုန်းတာလွယ်လျှက် အရခက် ၊
ရောင်းတာဝယ်တာ အရာရာ ၀ယ်တာလွယ်လျှက် အရောင်းခက် ၊
ဒါနသီလာ ဘာဝနာ ဟောတာလွယ်လျှက် အကျင့်ခက် ၊
ဘာသာတရား လွန်ပေါများ မှားတာလွယ်လျှက် အမှန်ခက် ၊
အချင်းချင်းဟာ မုန်းဖို့ရာ လွန်စွာလွယ်လျှက် ချစ်ဖို့ခက် ၊
အမြို့မြို့အရွာရွာ နိုင်ငံတကာ လူကြီးလုပ်တာလွယ်လျှက် အစီမံခက် ၊
၉၆ ဖြာ ဘေးရောဂါ ရတာလွယ်လျှက် ကုဖို့ခက် ၊
ဂုဏ်ပေါင်းများစွာ ရှကြရာ ရလာပါလျှက် အထိန်းခက် ။ ။

No comments: