Wednesday, September 4, 2013

စိတ်မညစ်အောင်

မဲသည့်စိတ်ကို ဖြူစေလိုသော်
ထိုထိုအာရုံ ညစ်မျိုးစုံနှင့် 
မကြုံတွေ့ စေ မမွေ့စေပဲ
ပြောင်းလေဖုံဖုံ ကောင်းအာရုံတည်း ၊
နုလုံပဌိ ဥာဏ်ချိန်ညှိလော့
ပို့ဘိမေတ္တာ သမထာနှင့်
ပွားရာဝိပသ် နည်းခြောက်ရပ်တွင်
သင့်မြတ်ရာသုံး ဖြူစိတ်ဖုံးသည်
သက်လုံးချမ်းသာလိမ့်မည်တည်း ။ ။

( ချမ်းမြေ့ဆရာတော်)

No comments: