Saturday, September 7, 2013

အတိုကိုမကြည့်နဲ့ အရှည်ကိုကြည့်




   ဓမ္မပူဇာ ဓမ္မစကားများ (၄)
 ချမ်းသာမှုဆိုတာ ဆုတောင်းနေလို့ ရတာမဟုတ်ဘူး….
လုပ်ယူမှ ရတာ.။
ဖြစ်သဘော ပျက်သဘောသိတော့
လောဘ ဒေါသ မောဟ မရောတော့ဘူး.။
ဒီတော့ ကြည်လင်အေးမြပြီး လွတ်ငြိမ်းချမ်းသာတာပေါ့…။ ။
 လောဘ ဒေါသ မောဟ ဆိုတာ တစ်သံသရာလုံးရင်းနှီးပြီးသား ဖြစ်တယ်..
သူတို့ကတော့ အမြဲတမ်း နေရာဝင်ယူနေတာပဲ
ခန္ဒာအရှိနဲ့ ဉာဏ်အသိကိုက်နေရင်
သံသရာသစ်ငုတ် အမြစ်ပြုတ်တယ်..။ ။
 လောကီချမ်းသာက တစ်ဘ၀ တစ်နပ်စာ
လောကုတ္တရာ ချမ်းသာမှ တစ်သံသရာလုံး အေးတာ..
တစ်ဘ၀ တစ်နပ်စာ မလုပ်နဲ့
တစ်သံသရာစာ လုပ်ကြ…။ ။
             ဆက်လက် တင်ပါအုံးမည်…
                  Moe Z Mg (Ruby Garden)

No comments: