Sunday, September 22, 2013

မြတ်ဗုဒ္ဓ၏(၃၂)ပါးသော လက္ခဏာတော်ကြီးများ


(၁)မြေ၌နင်းသော် ညီညွတ်သောခြေ
ဖဝါးတော်အပြင်နှင့်အလယ်မခွက်
(၂)နှစ်ဖက်သောဖဝါးတော်၌(၁ဝ၈)
ကွက်စက်လက္ခဏာတော်များရှိ၏
(၃)ရှေလျှားသော ဖနောင့်တော်ရှိ၏
(၄)ရှေသွယ်သော ခြေ၊လက်ချောင်း
တို့ရှိ၏
(၅)နူးညံ့သိမ်မွေ့သော ခြေ၊လက်ဖ
ဝါးတော်များရှိ၏
(၆)လေသွန်နန်းတံခါး၌ စိုက်စီထား
အပ်သောရွှေပွတ်လုံး(ဇာလီ)တိုင်
ကဲ့သို့ ညီညွတ်စွာ အကြားမထင်
ခြေ၊လက်ချောင်းတော်များရှိ၏
(၇)မြူအညစ်ကြေးမတွယ် စဉ်းငယ်
မြင့်သော ခြေဖမျက်တော်ရှိ၏-
(ခြေမျက်စိ)
(၈)ဧဏီမည်သောသားကောင်၏သ
လုံး မြင်းခေါင်းနှင့်တူသောသလုံး
မြင်းခေါင်းရှိ၏(ခြေသလုံးတော်အ
ရင်းအဖျားတပြေးညီပြည့်ဖြိုးခြင်း)
(၉)ရပ်တော်မူလျက်ကပင် ကိုယ်တော်
ကိုမကိုင်းမညွှတ်ဘဲလက်ဖဝါးနှစ်
ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော်နှစ်ဖက်
ကိုသုံးသပ်ထိတွေ့တော်မူနိုင်၏
(၁ဝ)ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့်ဖုံး
ထားသောယောင်္ကျားနိမိတ်ရှိခြင်း
(၁၁)သိင်္ဂီနိက် ရွှေစင်အဆင်းကဲ့သို့အ
ရေတော်ရှိခြင်း
(၁၂)သိမ်မွေ့သောအရေတော်ရှိခြင်း
လက္ခဏာတော်ကြောင့် မြူအညစ်
ကြေးတို့မလိမ်းကပ်နိုင်ခြင်း
(၁၃)မွေးညင်းတွင်းတစ်တွင်းစီလျှင်
မွေးညင်းတစ်ပင်စီသာပေါက်ခြင်း
(၁၄)မျက်နှာတော်ကို မော်ဖူးသည့်ပမာ
အထက်သို့သာ အဖျားကော့သော
မွေးညင်းတော်ရှိခြင်း
(၁၅)ဗြဟ္မာမင်းကိုယ်ကဲ့သို့ဖြောင့်မတ်
သောကိုယ်တော်ရှိခြင်း
(၁၆)ခြေ/လက်ဖမိုးနှစ်ဖက် ပုခုံးတော်
နှစ်ဖက် လည်ကုပ်တော်တို့၌ပြည့်
ဖြိုးသောအသားတော်ရှိခြင်း
(၁၇)ခြင်္သေ့မင်း၏ ရှေပိုင်းကိုယ်ကဲ့သို့
ပြည့်သောကိုယ်ထည်ရှိခြင်း
(၁၈)ရွှေပျဉ်ချပ်ပမာ ခါးတော်မှ လည်
ကုပ်တော်ထိပြည့်သောကျောကုန်း
တော်ရှိခြင်း
(၁၉)အရပ်တော်နှင့်အလံတော်ညီမျှ
သဖြင့် ပညောင်ပင်အဝန်းကဲ့သို့
လုံးချောသောကိုယ်တော်ရှိခြင်း
(၂ဝ)ညီညာလုံးဝန်းသည့်လည်တိုင်
တော်ရှိခြင်း
(၂၁)ခြင်္သေ့မင်း၏မေးကဲ့သို့(ပြုံးတော့
မည့်အရိပ်သွေးတဲ့)မေးတော်ရှိ၏
(၂၂)နှမ်းစေ့ခန့်မျှငယ်လှသောအရသာ
ကိုလည်းတကိုယ်လုံးပျံ့အောင်ပို့
နိုင်၏(၇ဝဝဝ သောအရသာကြော
တို့အဖျားခြင်းအဖျားခြင်းအပ်လည်
မှာစွပ်လျှက်ရှိသောကြောင့်)
(၂၃)သွားတော်(၄ဝ)အပြည့်ပါရှိခြင်း
(၂၄)လွှဖြင့်ဖြတ်သကဲ့သို့ သွားတော်
များညီခြင်း
(၂၅)မကျဲ မကွာညီညာစေ့သောသွား
တော်ရှိခြင်း
(၂၆)သောကြာကြယ်ပမာဖြူဝင်းပြီးအ
ရောင်လက်နေသော စွယ်တော်
လေးချောင်းပါရှိခြင်း
(၂၇)ရှည်လျှား နူးညံ့ ကျယ်ပြန့်သော
လျှာတော်ရှိခြင်း
(၂၈)ဗြဟ္မာမင်းကဲ့သို့အင်္ဂါ(၈)ပါးနှင့်
ပြည့်စုံသောအသံရှိခြင်း
(၂၉)ကြည်ညိုဖွယ်မျက်လုံးတော်ရှိခြင်း
(၃ဝ)ဖွားသစ်စနွားငယ်မျက်မွေးကဲ့သို့
နူးညံ့ပျိုနုသောမျက်မွေးတော်ရှိခြင်း
(၃၁)မျက်မှောင်(မျက်ခုံးတော်)နှစ်ဖက်
အလယ်ချက်၌ ဥဏ္ဏလုံ မွေရှင်
တော်ပေါက်ရောက်ခြင်း
(၃၂)နဖူးတော်ဝယ် ပင်ကိုပကတိအား
ဖြင့်သင်းကျစ်ရွှေပြားကပ်စီ၍ထား
သကဲ့သို့ သင်းကျစ်တော်အသွား
လွှာပါရှိခြင်း။
(စသည်တို့မှာ မဟာပုရိသလက္ခ
ဏာတော်(၃၂)ပါးတို့ဖြစ်၏)

အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တသီဟဗလ(ပါဠိပါရဂူ)
ထီးလှိုင်ကျောင်း၊ရမည်းသင်း
ရေးသားပြုစုခဲ့သည့် ဗုဒ္ဓဂေါတမ၏
ဗုဒ္ဓဝင် အကျဉ်းမှရယူမျှဝေပါ၏။




No comments: