Wednesday, September 4, 2013

မိုးကုတ်ဆရာဆရာတော်ဘုရားကြီးနှင့် ပတ္တမြားရိပ်သာဆရာတော်ကြီးတို့၏ ဓမ္မပူဇာ ဓမ္မစကားများအပိုင်း (၃)



တောင်နဲ့ မကြိတ်နဲ့ ဉာဏ်နဲ့ကြိတ်
လူသာဓုခေါ် နတ်သာဓုခေါ်လောက်နဲ့
ကျေနပ်တင်းတိမ် မနေကြနဲ့
ဘုရားရဟန္တာ သူတော်ကောင်းတွေက
ချီးမွမ်းတဲ့အထိ ဖြစ်ပါစေ .။
ပထမတော့ တရားကို လူက ဦးဆောင်တယ်
နောက်တော့ တရားက လူကို ဦးဆောင်တယ်
အဲဒီအချိန် လူက တရားနောက်လိုက်ဖို့ပဲလိုတယ် ။
မိမိခန္ဒာပြနေတဲ့ သဘောတရား
ထိုတရားသဘောကို သည်းခံနိုင်မှ
ပတ်ဝန်းကျင်ရဲ့လောကဓံကိုလည်း
ခံနိုင်ရေ ရှိမှာပါ ။
ခန္ဒာရှိလို့ ဆင်းရဲနေတာပါ
ဆင်းရဲတဲ့ အထဲ ငါပါတော့
သံသရာလည်တာပေါ့ ။
ဟုတ်လည်းသည်းခံ မဟုတ်လည်းသည်းခံ
ခံရမယ့်အတူတူ အခုတည်းက ခံလိုက်တော့
သံသရာပြတ်တာပေါ့ ။
စိတ်ကဖြတ်လို့ ပြတ်တာမဟုတ်ဘူး
တရားကဖြတ်မှ ပြတ်တာ
တရားရှိအောင် အားထုပ်ကြ
တရားရှိတော့ တရားကပဲ
ဖြတ်ပေးတယ် ပယ်ပေးတယ် ။
စိတ်ဆိုတာက မြင့်မိုရ်တောင်နဲ့ကြိတ်လို့
ကြေတာမဟုတ်ဘူး 
ဝိပဿနာနဲ့ ကြိတ်မှ ကြေတာပါ 
               ဆက်လက် ကြိုးစားပါအုံးမည်
                   Moe Z Mg (Ruby Garden)

No comments: