မြန်မာ့ယဉ်ကျေးမှု
သည်
ဗုဒ္ဓဘာသာယဉ်ကျေးမှု ပင်ဖြစ်သည်။ မြန်မာလူမျိုးများသည် ယဉ်ကျေးသိမ်မွေ့သော
လောကဝတ်ကို တန်ဖိုးထားတတ်ကြသည်။ လူအများရှေ့တွင်အမျက်ထွက်ခြင်း
သို့မဟုတ်ချစ်မြတ်နိုးမှုမှ ပေါ်ပေါက်လာသည့် ပိုလွန်းသည့်ရင်တွင်းခံစားမှု
ဖော်ထုတ်ခြင်း ကိုမနှစ်သက်ကြပါ။ လူကြီးသူမ၊ မြင့်မြတ်သော ပုဂ္ဂိုလ် နှင့်
ရဟန်းသံဃာများကို ရိုသေလေးစာစွာ ဆက်ဆံပြောဆိုတတ်ကြသည်။
ပစ္စည်းတစ်ခုခုကိုဖြစ်စေ အရာဝတ္ထု တစ်ခုခုကိုဖြစ်စေ သက်ကြီးရွယ်အို
(ကိုယ့်ထက်အသက်ကြီးသူ) များ၏ခေါင်းပေါ်မှ ဖြတ်ကျော် ၍ပေးခြင်းကို
ရိုင်းစိုင်းသည်ဟုယူဆကြသည်။ အခမ်းအနားများတွင် ဘိုးဘွား မိဘ နှင့်
ဆရာသမားများ ကိုလက်အုပ်မိုး၍ရှိခိုး ကန်တော့ကာအရိုအသေပေးလေ့ ရှိသည်။
ထို့အပြင် ဘုရား၊ ကျောင်း၊ ကန်နှင့် ရဟန်းသံဃာများရှေ့တွင်လည်း
လက်အုပ်မိုး၍ ယဉ်ကျေးစွာ အရိုအသေပေး ရှိခိုးကန်တော့လေ့ရှိသည်။
မြန်မာလူမျိုးတို့သည်
ဣုနြေ္ဒသိက္ခာ နှင့် လူနေမှုစရိုက်တို့ကိုအထူးသတိပြုနေထိုင်ကြသည်။ အရမ်းလည်း
အားနာ တတ်ကြပါတယ်။ ဥပမာ - ဧည့်သည်တစ်ယောက်ယောက်အား ဘာသုံးဆောင်မလဲဟု
မေးသောအခါ ဧည့်သည်မှ “ဘာပဲဖြစ်ဖြစ် ရပါတယ်” ဟု အမြဲလိုလိုပင်ဖြေတတ်ကြပါတယ်။
ယင်းမှာ မရှိနိုင်သောအရာအား အိမ်ရှင်ထံမှ တောင်းဆိုမိခြင်းမှ
အလိုလျှောက်ရှောင်ကျဉ်နိုင်ရန်ဖြစ်ပါတယ်။
လူသူရှေ့တွင်
ဒေါသထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်လိုက်မန်ပါလုပ်ခြင်းများကို
မသင့်လျော်ဟုယူဆ ကြပါသည်။ ထို့အပြင် မြန်မာလူမျိုးများသည်
အလွန်ခင်မင်ဖွယ်ကောင်းပြီး မိတ်ဆွေအပေါင်းအသင်းကိုလည်း ခင်တွယ်တတ်ကြပါသည်။
မြန်မာလူမျိုးများနှင့် အခြားသောဗုဒ္ဓဘာသာဝင်တို့သည် ခန္ဓာကိုယ်၏
ထိပ်ဆုံးပိုင်းဖြစ်သော ဦးခေါင်းကို ကိုင်တွယ်ပုတ်ခတ်ခြင်းရှောင်ကျဉ်ကြသည်။
ထို့အပြင် ကလေး ငယ်များ၏ဦးခေါင်းကို ပုတ်ခတ်ခြင်းသည် ကလေးငယ်၏
ကျန်းမာရေးကိုထိခိုက်နိုင်စေခြင်းကြောင့် ငယ်ရွယ်သူများ၏ဦးခေါင်းကို
ပုတ်ခတ်ခြင်းမှလည်းရှောင်ကျဉ်ကြသည်။ ခြေထောက်ဖြင့်ညွှန်ပြ
စေခြင်းလည်းမသင့်လျော်ပါ။ ဘုရား၊ ကျောင်းကန် များ၏ ပရိဝုဏ် သို့မဟုတ်
သူတစ်ပါးအိမ် အတွင်းသို့ ဝင်ရောက်ရာတွင်လည်း မိမိတို့၏ ဖိနပ်၊
ခြေအိပ်စသည်တို့ကို ချွတ်ပြီးမှဝင်ရောက်ရန်သင့်လျော်သည်။
No comments:
Post a Comment