Sunday, August 18, 2013

မိုးကုတ် တရား ပတ္တမြားအမြုတေ သစ္စာလေးပါး တရားအဆီအနှစ်များ အပိုင်း(၂)

မိုးကုတ် တရား ပတ္တမြားအမြုတေ သစ္စာလေးပါး တရားအဆီအနှစ်များ အပိုင်း(၂)
တဏှာအစု ဥာဏ်အစု
၁၈။တဏှာခိုင်းတိုင်းလုပ်တာသည် အရှက်မရှိလို့။
၁၉။အ၀ိဇ္ဇာ တဏှာကိန်းလာရင် အရှက်အကြောက် မရှိတော့ဘူး။
၂၀။ဒကာ ဒကာမတွေဟာ ကျွန်သဘောက် ပီပီ တဏှာခိုင်းတိုင်းလုပ်နေ တာပဲ။
၂၁။တဏှာခိုင်းတိုင်းလုပ်ရင် သေရင် အပ္ပါယ်ရောက်ပြီ။
၂၂။တဏှာအဖော် မလုပ်ပါနဲ့ ဥာဏ်အဖော်လုပ်ပါ။
၂၃။ဥာဏ်မပါလျှင် ကံကချယ်လှယ်သွားလိမ့်မည်။
၂၄။ကံစီမံတာ (၃၁)ဘုံ ဥာဏ်စီမံတာ ၃၁) ဘုံအပြင်ဘက် ။
၂၅။ကံအမိ ကံအဖမှ ဥာဏ်အမိ ဥာဏ်အဖသို့ ပြောင်းပါ။
၂၆။နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ် ဥာဏ်၏အကျိုးဖြစ်တယ်။
၂၇။အသေမဦးမီ ဥာဏ်ဦးမှ တော်တော့မည်။
၂၈။ဥာဏ်ဦးစီးပြီး ၀ိပဿနာ တရားအားထုတ်ပါ။
၂၉။ခန္ဓာ၏ ၀တ္တရားက အသေရှာတာ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၀။ကံစီမံတာ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံ ဥာဏ်စီမံတာနိဗ္ဗာန် ။
၃၁။အသက်ကြီးလာလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်။
၃၂။ကံမွဲတာကအရေးမကြီး ဥာဏ်မွဲလျှင်နိဗ္ဗာန်မ၇နိုင် ။ သေခါနီးတွေက သေခါဝေးတွေအတွက် ပူတောင့်ပူပင် ဖြစ်မနေကြနဲ့။
၃၃။နားကြီးကြီးနဲ့ တရား နာပါ နားကတရားနာ ဥာဏ်ကခန္ဓာလှည့်။
၃၄။ခန္ဓာအရှိ ကဖြစ်ပျက်ပါ ဥာဏ်အသိကမဂ် ပါ။
၃၅။တရားနာရုံ့နဲ့မပြီး ခန္ဓာဥာဏ်စိုက်ပြီး အလုပ်လုပ်မှ ပြီးမယ်။
၃၆။သက်တမ်းတိုတဲ့ခေတ်မှာ ဥာဏ်အရှည်ကြီးတွေ မလိုက်ပါနဲ့ ဥာဏ်သုံးဆင့်နဲ့ မဂ်ရနိုင်တယ်။
၃၇။ဖြစ်ပျက်မြင်အောင် ကြည့် ယထာဘူတဥာဏ်
ဖြစ်ပျက်မုန်းအောင်ကြည့် နိဗ္ဗိန္ဒ ဥာဏ်
ဖြစ်ပျက်ဆုံးအောင်ကြည့် မဂ်ဥာဏ်ဖိုလ်ဥာဏ် ပစ္စဝေခန္ဓာဥာဏ် ၊ ဒါလမ်းတိုလိုက်တဲ့တရား ။
၃၈။ခန္ဓာအရှိ ဖြစ်ပျက်ကို ဥာဏ်အသိမဂ်နဲ့ တကယ်သိအောင်လုပ်ပါ။
၃၉။အလုပ်ပေးတရား ဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်တာ။
၄၀။ ရှေ့ကအရှုခံ တရားကို နောက်ကအရှုဥာဏ်က လိုက်ရမယ်။
၄၁။ လောကီ မဂ္ဂင်ငါးပါးကို ရှုဥာဏ် တရား လို့ခေါ်တယ်။
၄၂။ရှုဥာဏ်တရားဆိုတာ အမောဟ စိတ်ပါပဲ။
ခန္ဓာငါးပါး
၄၃။ဖောက်ပြန် ခံစား မှတ်သား ပြုပြင် သိဝိဥာဏ် ငါးအင် ခန္ဓာ မှတ်။

No comments: