Monday, August 26, 2013

ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ


မေး -ဒကာ။           ။ ခန္တီစ- သည်းခံရခြင်း လည်းကေ
ာင်း၊ ဥပေက္ခာစ- လျစ်လျူရှုရခြင်း လည်းကောင်း ဟုပြော
ဟောကြရာ၊ ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ြ
ပန်လှန် လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့ ဥပေ
က္ခာသဘောမို့ နာမည်ချင်းသာခြားတာ သဘောတရား
ကတော့ အတူတူပါပဲလို့ အချို့ဆရာတို့က ပြောဟောကြ
ပါတယ်။
                   ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သ
ဘောတရားချင်းမတူဘူး၊ တခြားစီသာ ဖြစ်တယ်၊ အက
ယ်၍ သဘောချင်းတူရင် ပါရမီဆယ်ပါးထဲမှာ အမည်နှစ်
ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ၊ ဒါ့ကြောင့် ထူးခြား
တယ်ဟု ဟောပြောကြပါတယ်၊ အဲဒီတရားနှစ်ပါး ထူးခြာ
းတယ် မထူးခြားဘူး ဆိုတာ မှတ်သားရလွယ်အောင် မိန့်ြ
ကားပါဦး ဆရာတော်။
ဆရာ။ ။ ဒီ တရားနှစ်ပါးကလည်း ဓမ္မ၀ိစ
ယဉာဏ်ပညာနဲ့ မခွဲခြား မစိစစ်တတ်ရင် "ပုလင်းတူ-
ဘူးဆို့" သဘောပဲလို့ မှတ်ထင်စရာဖြစ်နေတယ်၊ အမှန်
ကတော့ သဘောတရားခြင်း ခြားနားမှုရှိတယ်၊ ယင်းတို
့နှစ်ပါးခြားနားပုံကို လွယ်လွယ်နဲ့ ဒီလိုသိကြပေတော့။
ခန္တီ။ ။ ခန္တီရဲ့သဘောက သက်ရှိ သ၀ိညာဏက သတ္တ၀ါ
သင်္ခါရတို့က မိမိအား ကိုယ်ဖြင့်သော်လည်းကောင်း၊ န
ှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့် သေ
ာ်လည်းကောင်း၊ ထိပါးပုတ်ခတ်မှု ပြုလာသော် ဒေါသဖြ
င့် ယင်းပုဂ္ဂိုလ်အား စိတ်ဆိုးခြင်း, ပြန်လှန်၍ပြစ်မှားခြင်း,
ထိပါးပုတ်ခတ်, လက်စားချေခြင်းမပြုဘဲ သည်းခံ၍ နေ
နိုင်ခြင်းနှင့်....
သက်မဲ့ အ၀ိညာဏက မိမိကိုယ်နဲ့ စပ်တဲ့ အချမ်
းအပူရာသီဥတု၏ နှိပ်စက်ခြင်းဒဏ်၊ အ၀တ်,အစား, နေ
ရာတို့၏ ကြမ်းတမ်း ခက်ထန်ခြင်း, မပြည့်စုံခြင်း စသည်
တို့နဲ့ တွေ့ကြုံတဲ့အခါ ဒေါမနဿ စိတ်ဆင်းရဲခြင်း စိတ်နှလုံး
မချမ်းမြေ့ခြင်းတို့ကို မဖြစ်စေဘဲ သည်းခံနိုင်ခြင်းတို့ကို ခ
န္တီလို့ ဆိုကြတယ်၊ သူ့တရားကိုယ်က အဒေါသ စေတသိ
က်ပဲ။
ဥပေက္ခာ။                 ။  ဥပေက္ခာရဲ့သဘောက ဣဋ္ဌာရုံခေါ်တဲ့ လို
ချင်စရာ, ခင်မင်စရာ, ချစ်စရာ, နှစ်သက်စရာ, မြတ်နိုးစ
ရာ အာရုံမျိုးတွေနဲ့ ဆုံခဲ့သော် သာယာ, ခင်မင်, လိုချင်,
တပ်မက်, ဆာလောင်, စွဲလမ်းခြင်း ဆိုတဲ့ တဏှာ, ဥပါဒါ
န်ဖက်သို့          မပါမရောက်အောင် စောင့်ရှောက် တား
ဆီးထားနိုင်မှု လျစ်လျူရှုခြင်းသဘောနှင့်....
အနိဋ္ဌာရုံဖြစ်တဲ့ မုန်းစရာ, ရွံစရာ, မ
ခံချင်စရာ, စိတ်ဆိုးစရာ အာရုံအမျိုးမျိုးတွေနဲ့
တွေ့ကြုံတိုက်ဆိုင်လာတဲ့အခါမျိုးမှာလည်း ရွံမုန်းစိတ်ဆိုး
ဒေါသဖက်သို့ မရောက်စေဘဲ စောင့်ရှောက်တားဆီး ထ
ားနိုင်မှု လျစ်လျူရှုခြင်း သဘော တမျိုးပဲဖြစ်တယ်။
အဲဒီ ဣဋ္ဌာရုံဖက်ကိုရော အနိဋ္ဌာရုံဖ
က်ကိုပါ ဘယ်ဘက်ကိုမှ မပါ မလိုက်ဘဲ ချစ်, မုန်း မပါ
အလယ်အလတ် သဘောအသွင်ကိုဆောင်တဲ့ တတြ မဇ
္ဈတ္တတာ စေတသိက်ကို ပင်လျှင် ဥပေက္ခာလို့ ခေါ်ဆို ဟေ
ာပြောကြတာပဲ။
ကဲ....အဲဒါ မှတ်သားရလွယ်အောင် အဘိဓမ္မာန
ည်းနဲ့ ထုတ်ဆောင်ပြလိုက်တာပဲ၊ ဒါထက် လွယ်လွယ် သိ
ချင်ရင် သည့်ပြင်ဆရာတွေဆီမှာ သွားရောက် မေးမြန်ြး
ကပေတော့၊ အဲဒီ တရားနှစ်ပါး လက်ကိုင်ထားနိုင်ရင် အ
လွန်စိတ်အေးမြ ငြိမ်းချမ်းတယ်၊ အဲဒါကိုလည်း အကျင့်လု
ပ်ထားပါ။
          ဒကာ။           ။ ဆရာသစ်တွေရှာနေစရာ မလိုေ
တာ့ပါဘူး ဆရာတော်၊ ရှင်းလင်းပြတ်သား ကွဲပြားခြားန
ားစွာ သိပါပြီဘုရား၊ ဒီတရားနှစ်ပါးကိုလည်း လက်ကိုင်ရ
အောင်အကျင့် လုပ်ထားပါမည် ဆရာတော်၊ လက်စသ
တ်တော့ ခန္တီက အဒေါသ စေတသိက် မေတ္တာ ဓာတ်သ
ဘောကိုး၊ ခုမှပဲ ကွဲတော့တယ

No comments: