Wednesday, August 28, 2013

မိဘကျေးဇူး ဆပ်စေလို


လောကကြီးမှာ ကိုယ့်အပေါ်ကို အကောင်းနိုင်ဆုံးက မိဘ လေ။ မိဘကို မသေခင်ကျွေးပါ သေမှ ငို မနေပါနဲ့ ဆိုတာ အရမ်းမှန်တာပဲ။ ဖခင် တယောက်လုံး သေဆုံးသွားမှ သေခြင်းတရားကို သဘောပေါက်မိတယ်။ သေမယ်ဆိုတာ ကြိုသိခဲ့ရင် ဆိုးမိုက်ခဲ့မှာ မဟုတ်ပါဘူး။ လူတိုင်း ဘယ်သူအရင် သေမယ်။ ဘယ် အချိန်မှာ သေမယ်။ ဘယ်နေရာမှာ သေမယ်။ ဘာကြောင့် သေမယ် ဆိုတာ ဘယ်သူမှ ကြို မသိနိုင်ကြပါဘူး။ လောကကြီးမှာ မိဘကျေးဇူး မဆပ်နိုင်သေးရင် နေပါ ကျေးဇူး မကန်း ကြရင် တော်တော်ကောင်းနေပါပြီ။ ကျေးဇူးကန်းမိလို့ မိဘ မရှိတော့မှ နောင်တ ရ နေရင် ကိုယ့် ဘ၀ တခုလုံး အညွန့်ကျိုးသွားပါပြီ။ လောကကြီးမှာ အစားထိုးလို့ မရနိုင်တာ မိဘလေ။ ကျန်တာတွေက အစားထိုးလို့ရပါတယ်။ မိဘနဲ့ ပတ်သက်တဲ့ ကုသိုလ်လေးတွေကို သံသရာအထိ သယ် မသွား ပဲ ဘ၀ ကို နောင်တ မရှိ ဖြတ်သန်းစေချင်ပါတယ်။ လူတိုင်း မိဘကျေးဇူး ဆပ်နိုင်တဲ့ သားကောင်းရတနာ၊ သမီးကောင်းရတနာ တွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

No comments: