Sunday, September 1, 2013

ဧတဒဂ်ရ လူယောက်ျား (၁၀) ယောက်

ဧတဒဂ်ရ လူယောက်ျား (၁၀) ယောက်မှာ==
 ၁။ တပုဿ၊ ဘလ္လိကညီနောင် = ရှေးဦးစွာ သရဏဂုံတည်သော အရာ၌ ဧတဒဂ်ရသည်။
 ၂။ အနာထပိဏ်သူဌေး = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ စိတ္တသူကြွယ် = တရားဟောသောအရာ၌ ဧတဒဂ်ရသည်။
 ၄။ ဟတ္တာဠ၀က = သင်္ဂဟ၀တ္ထုလေးပါးဖြင့် သင်္ဂြိုဟ်တတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၅။ မဟာနာမ်သာက၀င် = အခါမပြတ် အမြတ်အကောင်း ပေးလှူတတ်သည့်အရာ၌    ဧတဒဂ်ရသည်။
 ၆။ ဥဂ္ဂသူကြွယ် = နှစ်သက်ရာ အမြတ်ကို ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၇။ ဥဂ္ဂတ သူကြွယ် = သံဃာအား လုပ်ကျွေးသည့်အရာ၌ ဧတဒဂ်ရသည်။
 ၈။ သုရဗန် = မတုန်မလှုပ် ကြည်ညိုရာ၌ ဧတဒဂ်ရသည်။
 ၉။ ဇီဝက = ပုဂ္ဂိုလ်ကို ကြည်ညိုတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
၁၀။ နကုလပိတာ = အကျွမ်းဝင်သောအရာ၌ ဧတဒဂ်ရသည်။
 {ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကောက်နုတ်ရေးသားပါသည်။ }

No comments: