Sunday, September 1, 2013

ဗြဟ္မစိုရ်တရားလေးပါး


ဗြဟ္မစိုရ်တရားလေးပါးနှင့်စပ်လျဉ်း
ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရား
ကြီး ၏သြဝါဒတော်ကို နှလုံးအိမ်တွင် စိမ့်ထုံစွဲမြဲနေသင့်ပါသည်။

မေတ္တာဘာဝနာဆိုတာ သူတစ်ပါးအား ချမ်းသာစေလိုတဲ့စိတ်ကို ဖြစ်ပွားစေခြင်းပါပဲ။ ဘာဝနာအနေနဲ့မဟုတ်ပေမယ့်သူတစ်ပါးအား ချမ်းသာစေချင်ရင် အဲဒါမေတ္တာကုသိုလ်စိတ်ပါပဲ။
ကရုဏာဘာဝနာဆိုတာ သူတစ်ပါးအားသနားစိတ်ကို
ဖြစ်ပွားစေခြင်းပါပဲ။ ဘာဝနာအနေနဲ့ မဟုတ်ပေမယ့်သူတစ်ပါးအားသနားရင် ဆင်းရဲမှလွတ်စေချင်ရင် ကရုဏာ ကုသိုလ်စိတ်ပါပဲ။
မုဒိတာဘာဝနာဆိုတာ သူတစ်ပါးကောင်းစားချမ်းသာနေတာကို အားရဝမ်းသာစိတ်ဖြစ်ပွားစေ
ခြင်းပါပဲ။ ဘာဝနာအနေနဲ့မဟုတ်ပေမယ့်သူတစ်ပါးအား ချမ်းသာမြဲချမ်းသာစေချင်ရင် ကောင်းစားမြဲကောင်းစားစေ
ချင်ရင် အဲဒါမုဒိတာကုသိုလ်စိတ်ပါပဲ။
ဥပေက္ခာဘာဝနာဆိုတာလည်းဒီအတိုင်းပဲ။ သူတစ်ပါးချမ်းသာရေးတို့ကို ကြောင့်ကြမပြုမူ၍ ကံတရားအတိုင်းပါပဲလို့ လျစ်လျူရှုနေခြင်းဟာ ဥပေက္ခာ ကုသိုလ်စိတ်ပါပဲ။

No comments: